ဩဂုတ် ၁၀၊ ၂၀၂၆
The Kaladan Post
အမေရိကန်၏ အလုပ်အကိုင် ကိန်းဂဏန်းများ လျော့ကျမှုကြောင့် အတိုးနှုန်း မြှင့်တင်မည့် စိုးရိမ်ချက်များ လျော့ပါးသွားသော်လည်း အရှေ့အလယ်ပိုင်း မရေရာမှုများကြောင့် ရေနံစျေး မြင့်တက်လာမှုနှင့် အပြိုင်ဖြစ်ကာ အိန္ဒိယ စတော့စျေးကွက်သည် တနင်္လာနေ့ (ဩဂုတ်လ ၁၀ ရက်) တွင် ငြိမ်သက်လျက် ရှိပါတယ်။
တနင်္လာနေ့ နံနက်ပိုင်း ကုန်သွယ်မှုတွင် Nifty အညွှန်းကိန်းသည် ၀.၁၉ ရာခိုင်နှုန်း ကျဆင်းကာ ၂၄,၅၂၃.၄၀ သို့ ရောက်ရှိခဲ့ပြီး BSE Sensex အညွှန်းကိန်းမှာ ၀.၂ ရာခိုင်နှုန်း ကျဆင်းကာ ၇၈,၃၅၂.၆၈ သို့ ရောက်ရှိခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး မရေရာမှုများကြောင့် ဘရန့် (Brent) ရေနံစိမ်းစျေးမှာ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်ဘာရယ်လျှင် ၈၄.၅ ဒေါ်လာခန့် ရှိခဲ့ပါတယ်။
Swastika Investmart မှ သုတေသန အကြီးအကဲ စန်းတိုးရှ် မီးနား (Santosh Meena) က “မျှော်မှန်းထားတာထက် လျော့နည်းတဲ့ အလုပ်အကိုင် ကိန်းဂဏန်းတွေကြောင့် စက်တင်ဘာမှာ အမေရိကန် အတိုးနှုန်း တိုးမြှင့်မယ့် မျှော်လင့်ချက်တွေ လျော့ကျသွားခဲ့ပြီး ဒါဟာ အိန္ဒိယလို တိုးတက်သစ်စ ဈေးကွက်တွေအတွက် ယေဘုယျအားဖြင့် ကောင်းမွန်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး အမေရိကန်နှင့် အီရန် တင်းမာမှုများမှာ ယခုသီတင်းပတ် စျေးကွက် ဦးတည်ရာအတွက် အရေးပါမည်ဟု ဆိုပါတယ်။
ကုမ္ပဏီ သီးသန့် စတော့များတွင် ကွာတာ အမြတ်ငွေ သုံးဆကျော် မြင့်တက်ခဲ့သည့် Oil India ၏ စတော့စျေး ၂.၅ ရာခိုင်နှုန်းနှင့် Titan Company စတော့စျေး ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အခြားတစ်ဖက်တွင် Power Finance Corporation စတော့စျေး ၃.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Hero MotoCorp ကမူ ၂.၈ ရာခိုင်နှုန်း စျေးမြင့်တက်ခဲ့ကြောင်း သိရပါတယ်။
Source – Reuters