ဩဂုတ် ၁၃၊ ၂၀၂၆

The Kaladan Post

အသက် ၁၆ နှစ်အောက် လူငယ်များ လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်သည့် ဥပဒေအတိုင်း လိုက်နာရန်အတွက် အသက် ၁၆ နှစ်အောက် သံသယရှိသူ ဩစတြေးလျနိုင်ငံသားများ၏ အကောင့်ပေါင်း ၇၅၀,၀၀၀ ကျော်ကို ပိတ်သိမ်းခဲ့ကြောင်း မေတာ (Meta) ကုမ္ပဏီက ကြာသပတေးနေ့ (ဩဂုတ်လ ၁၃ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှ ဇွန်လအထိ ကာလအတွင်း အသက်မပြည့်သေးဟု သံသယရှိသည့် အင်စတာဂရမ် (Instagram) အကောင့် ၄၆၂,၀၀၀ နှင့် ဖေ့စ်ဘုတ်ချဝဘ် (Facebook) အကောင့် ၂၉၄,၀၀၀ ကို ပိတ်သိမ်းခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ အကောင့်များကို တားမြစ်ဥပဒေ စတင်သက်ဝင်ခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့မှစ၍ ပိတ်သိမ်းခဲ့ခြင်း ဖြစ်ပါတယ်။

ဩစတြေးလျ အစိုးရသည် ဥပဒေ လိုက်နာခြင်းမရှိသည့် လူမှုကွန်ရက် ကုမ္ပဏီများကို ဒဏ်ငွေ ဩစတြေးလျဒေါ်လာ ၉၉ သန်း (အမေရိကန်ဒေါ်လာ ၆၉.၇၅ သန်း) အထိ တိုးမြှင့် ကောက်ခံရန် စီစဉ်နေပါတယ်။ မေတာက “ဥပဒေစိုးမိုးရေးကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ဒီပမာဏ ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ထားပါတယ်။

မေတာသည် အကောင့်တစ်ခုအား အသက် ၁၆ နှစ်အောက် လူငယ်တစ်ဦးက ပိုင်ဆိုင်ခြင်း ဟုတ်မဟုတ် စိစစ်ရန် မွေးနေ့ပွဲ ကျင်းပမှုများ သို့မဟုတ် ကျောင်းအဆင့်များ ဖော်ပြမှုကဲ့သို့သော အချက်အလက်များကို AI အသုံးပြု၍ စစ်ဆေးနေပါတယ်။ ဒါ့အပြင် ဓာတ်ပုံအခြေခံ အသက်ခန့်မှန်းသည့် နည်းပညာများကိုပါ အသုံးပြု၍ ဆောင်ရွက်နေကြောင်း သိရပါတယ်။

Source – Reuters