စက်တင် ၁၊ ၂၀၂၆

The Kaladan Post

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်မည့် အချက်ပြမှုများ တွေ့ရှိနေရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ ရှင်းလင်းတင်ပြချက်ကို ကိုးကား၍ တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးက အင်္ဂါနေ့ (စက်တင်ဘာလ ၁ ရက်) တွင် ပြောကြားလိုက်ပါတယ်။

သို့သော်လည်း ပြုံးယမ်းနှင့် ဝါရှင်တန်ကြား သီးခြား ထိတွေ့ဆက်ဆံမှုများနှင့် ပတ်သက်၍ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အဆိုပါ လွှတ်တော်အမတ်က ရုပ်မြင်သံကြားမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Source – Reuters