ဇွန် ၂၄၊ ၂၀၂၆

The Kaladan Post

 

ကာတာနိုင်ငံ၊ ရပ်စ် လာဖန် (Ras Laffan) စက်မှုဇုန်ရှိ သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် အိန္ဒိယနိုင်ငံသား ၁၂ ဦးအပါအဝင် စုစုပေါင်း လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ဒီဝမ်းနည်းဖွယ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကာတာစော်ဘွား ရှိတ် တမင် ဘင် ဟာမတ် အယ်လ်သာနီ (Sheikh Tamim bin Hamad Al Thani) က အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) ထံ အင်္ဂါနေ့မှာ ဖုန်းဆက်သွယ်ကာ ဝမ်းနည်းကြောင်း သဝဏ်လွှာပါး ပြောကြားခဲ့ပါတယ်။

ဒီဖုန်းဆက်သွယ်မှုနဲ့ ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ က ၎င်းရဲ့ လူမှုကွန်ရက် X (ယခင် Twitter) စာမျက်နှာထက်မှာ “ကာတာနိုင်ငံ၊ Ras Laffan စက်မှုဇုန်မှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ် မတော်တဆမှုအတွင်း အိန္ဒိယနိုင်ငံသားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် ဖုန်းဆက်သွယ်ပြီး ဝမ်းနည်းကြောင်း ပြောကြားပေးတဲ့ ကာတာစော်ဘွားကို ကျေးဇူးတင်ရှိပါတယ်။” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ခေါင်းဆောင်နှစ်ဦးရဲ့ ဖုန်းပြောဆိုမှုအတွင်းမှာ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေနဲ့အတူ တသားတည်း ရပ်တည်နေကြောင်းနဲ့ ဒဏ်ရာရရှိသူတွေ အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ကြပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့ မိမိတို့ နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကောင်းကျိုးချမ်းသာအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမယ့် ခိုင်မာတဲ့ ကတိကဝတ်တွေကိုလည်း အပြန်အလှန် အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း Source: WION News