ဩဂုတ် ၁၃၊ ၂၀၂၆
The Kaladan Post
အမေရိကန် အတိုးနှုန်း မြှင့်တင်မည့် စိုးရိမ်ချက်များ လျော့ပါးသွားသော်လည်း အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ စက်ဆိုင်းနေခြင်းကြောင့် အိန္ဒိယ စတော့စျေးကွက်သည် ကြာသပတေးနေ့ (ဩဂုတ်လ ၁၃ ရက်) တွင် အနည်းငယ် ကျဆင်းကာ ဖွင့်လှစ်ခဲ့ပါတယ်။
နံနက် ၉ နာရီ ၁၆ မိနစ် အချိန်တွင် Nifty 50 အညွှန်းကိန်းသည် ၀.၃ ရာခိုင်နှုန်းခန့် ကျဆင်းကာ ၂၄,၃၆၄.၃ သို့ ရောက်ရှိခဲ့ပြီး BSE Sensex အညွှန်းကိန်းမှာ ၀.၁၂ ရာခိုင်နှုန်း ကျဆင်းကာ ၇၇,၈၇၃.၁၂ သို့ ရောက်ရှိခဲ့ပါတယ်။ အဓိက စီးပွားရေး ကဏ္ဍ ၁၆ ခုအနက် ၁၄ ခုတွင် စတော့စျေးနှုန်းများ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့သည့်သီတင်းပတ်က ထွက်ရှိခဲ့သည့် အလုပ်အကိုင် ကိန်းဂဏန်းများ လျော့ကျမှုအပြင် ဇူလိုင်လ အမေရိကန် စားသုံးသူစျေးနှုန်း ကိန်းဂဏန်းများ လျော့နည်းခဲ့မှုက ဗဟိုဘဏ် အတိုးနှုန်း တိုးမြှင့်နိုင်ခြေကို လျော့ကျစေခဲ့ပါတယ်။ သို့သော် ပင်လယ်ကွေ့ စစ်ပွဲ အမြဲတမ်း အဆုံးသတ်ရေး အမေရိကန်နှင့် အီရန်တို့ကြား သဘောတူညီမှု မရရှိဘဲ လမ်းစပျောက်နေခြင်းက စျေးကွက် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ဖိအားပေးလျက် ရှိကြောင်း သိရပါတယ်။
Source – Reuters