ဩဂုတ် ၁၉၊ ၂၀၂၆

The Kaladan Post

ပိတ်ဆို့ခံထားရသည့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် တိကျသည့် အချက်ပြမှု မရှိသဖြင့် သင်္ဘောပိုင်ရှင်များ ရေလမ်းကြောင်းကို ရှောင်ရှားနေကြ သောကြောင့် ဟော်မုဇ်ရေလက်ကြားမှ သင်္ဘော ဖြတ်သန်းသွားလာမှုများ ထပ်မံ နှေးကွေးသွားကြောင်း ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၉ ရက်) အချက်အလက်များအရ သိရပါတယ်။

ရေကြောင်းအချက်အလက် စုဆောင်းသည့် Kpler ကုမ္ပဏီ၏ အချက်အလက်များအရ အင်္ဂါနေ့တွင် ကုန်တင်သင်္ဘော ၆ စီးသာ ရေလက်ကြားကို ဖြတ်သန်းခဲ့ပြီး ယင်းသည် ယခင်နေ့က ၉ စီးနှင့် ၁၀ ရက်တာ ပျမ်းမျှ ၁၁ စီးအောက် လျော့နည်းသွားခြင်း ဖြစ်ပါတယ်။ ရေလက်ကြားအတွင်းသို့ စွမ်းအင်သယ် ရေနံတင်သင်္ဘောအချို့နှင့် ကုန်တင်သင်္ဘောအချို့ ဝင်ရောက် ထွက်ခွာခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းမရှိဘဲ ဟော်မုဇ်ရေလက်ကြား ပွင့်နေသည်ဟု ဆိုသော်လည်း ရေလမ်းကြောင်း ပိတ်ထားဆဲဟု ပြောဆိုထားသည့် အီရန်၏ ထုတ်ပြန်ချက်နှင့် ဆန့်ကျင်နေပါတယ်။ ထို့အပြင် အရှေ့အလယ်ပိုင်း ရေနံတင်သွင်းမှုကို အဓိက တာဝန်ယူသည့် တရုတ် သင်္ဘောကုမ္ပဏီကြီး နှစ်ခုကလည်း ဇူလိုင်လနှောင်းပိုင်းကတည်းက အဆိုပါ ရေလက်ကြားများကို ရှောင်ရှားလျက် ရှိပါတယ်။

ယီမင် ဟူသီအဖွဲ့က ဆော်ဒီအာရေးဗီးယားအပေါ် ရေကြောင်းပိတ်ဆို့မှု ပြုလုပ်ထားသည့် ပင်လယ်နီ ဘက်ဘ်အယ်လ်မန်းဒက် (Bab el-Mandeb) ရေလက်ကြားတွင်မူ သီတင်းပတ်ကုန် ကုန်တင်သင်္ဘော ဖြတ်သန်းမှု ၃၀ အထိ တိုးတက်ခဲ့သော်လည်း ဆော်ဒီ၏ ရေနံ တင်ပို့မှုများ ပါဝင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

Source – Reuters