ဩဂုတ် ၂၉၊ ၂၀၂၆

The Kaladan Post

မဲပေးပိုင်ခွင့်နှင့် နိုင်ငံသား အခွင့်အရေးများ လျှော့ချခံနေရမှုကို ကာကွယ်ရန်အတွက် “March on Washington 2026: Defend the Vote” အမည်ရှိ ချီတက် ဆန္ဒပြပွဲကြီးကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့၌ သောကြာနေ့ (ဩဂုတ်လ ၂၈ ရက်) တွင် ပြည်သူ ထောင်ပေါင်းများစွာ ပါဝင် ကျင်းပခဲ့ကြပါတယ်။

မာတင် လူးသာခင်း ဂျူနီယာ၏ သားဖြစ်သူ မာတင် လူးသာခင်း ၃ (Martin Luther King III) ၏ Drum Major Institute နှင့် အယ်လ် ရှာပတွန် (Al Sharpton) ၏ National Action Network တို့က ဦးဆောင် ကျင်းပခြင်း ဖြစ်ပါတယ်။ မာတင် လူးသာခင်း ၃ က “မဲပေးပိုင်ခွင့်ကို ကာကွယ်တာဟာ ကျွန်တော်တို့ ဒီမိုကရေစီရဲ့ အုတ်မြစ်ကို ကာကွယ်တာပါပဲ” ဟု ထုတ်ပြန်ထားပါတယ်။

တရားလွှတ်တော်ချုပ်က မဲပေးပိုင်ခွင့် အက်ဥပဒေ၏ အချက်အချို့ကို လျှော့ချခဲ့ပြီးနောက်နှင့် သမ္မတ ထရမ့်၏ စာတိုက်မှတစ်ဆင့် မဲပေးမှုကို ကန့်သတ်ရန် ကြိုးပမ်းမှုများအပြီး ယခု ဆန္ဒပြပွဲ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ အဆိုပါ ချီတက်ပွဲတွင် အထက်လွှတ်တော်အမတ် ဘာနီ ဆန်းဒါးစ် (Bernie Sanders)၊ အောက်လွှတ်တော်အမတ် အယ်လက်ဇန်းဒရီးယား အိုကာစီယို-ကောတက်ဇ် (Alexandria Ocasio-Cortez) တို့အပါအဝင် ထင်ရှားသူများ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြကြောင်း သိရပါတယ်။

Source – Reuters