ဩဂုတ် ၁၁၊ ၂၀၂၆

The Kaladan Post

နှစ်နိုင်ငံကြား ဘက်စုံစတိုရာတီဂျစ် ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်ပြုရေးကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် ဩစတြေးလျနှင့် ဗီယက်နမ်နိုင်ငံတို့က အင်္ဂါနေ့ (ဩဂုတ်လ ၁၁ ရက်) တွင် သဘောတူညီလိုက်ကြပါတယ်။

ဩစတြေးလျသို့ တရားဝင် ခရီးစဉ် ရောက်ရှိနေသည့် ဗီယက်နမ်သမ္မတ တိုလမ် (To Lam) နှင့် ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ် (Anthony Albanese) တို့သည် ကမ္ဘာ့ထောက်ပံ့ရေး လမ်းကြောင်းများကို ထိခိုက်စေသည့် ကုန်သွယ်ရေး ကန့်သတ်ချက်များနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ စေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ရာတွင် အရေးပါသော သတ္တုတွင်းထွက်များ၊ ဆေမီကွန်ဒတ်တာများနှင့် သန့်ရှင်းသော စွမ်းအင် အပါအဝင် နယ်ပယ်အသီးသီးရှိ ထောက်ပံ့ရေး လမ်းကြောင်းများကို အပြန်အလှန် ပံ့ပိုးကူညီသွားရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

Source – Reuters