ဩဂုတ် ၃၁၊ ၂၀၂၆
The Kaladan Post
အမေရိကန်၏ အခွန် စည်းကြပ်မှု ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် အွန်တေရီယို (Ontario) ရှိ စက်ရုံ၌ ကုန်ကားသစ် ထုတ်လုပ်ရန် ပါဝင်သည့် သဘောတူညီချက်ကို ကနေဒါနိုင်ငံရှိ ဂျန်နရယ်မိုတာ (GM) လုပ်သားများက အတည်ပြုလိုက်ပါတယ်။
ကနေဒါ အလုပ်သမားသမဂ္ဂ Unifor ၏ ထုတ်ပြန်ချက်အရ GM သည် အော့ရှာဝါ (Oshawa) ရှိ စက်ရုံတွင် GMC Sierra ကုန်ကားသစ် ထုတ်လုပ်ရန် ကနေဒါဒေါ်လာ ၁၄၄ သန်း သုံးစွဲမည်ဖြစ်ပြီး ကနေဒါ စက်ရုံများတွင် စုစုပေါင်း ကနေဒါဒေါ်လာ ၁ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၇၂၀ သန်း) ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက်တွင် အလုပ်သမား ၄,၆၀၀ အတွက် ၃ နှစ်အတွင်း တစ်နှစ်လျှင် လုပ်ခလစာ ၃ ရာခိုင်နှုန်း တိုးမြှင့်ပေးရေးလည်း ပါဝင်ပါတယ်။
GM ကနေဒါ ဥက္ကဋ္ဌ ဂျက်ခ် အပ်ပါးလ် (Jack Uppal) က “သဘောတူညီချက်သစ်မှာ လစာ၊ ခံစားခွင့်နဲ့ အလုပ်အကိုင် လုံခြုံရေးဆိုင်ရာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ပါဝင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် အမေရိကန်က ကနေဒါ မော်တော်ယာဉ်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန် စည်းကြပ်ထားပြီး သမ္မတ ဒေါ်နယ်ထရမ့် က ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု ကြေညာထားတာ ဖြစ်ပါတယ်။
Source – Reuters