စက်တင် ၁၄၊ ၂၀၂၆

The Kaladan Post

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် အွန်လိုင်း ဆိုက်ဘာ လိမ်လည်မှုများကို ပူးပေါင်း တိုက်ဖျက်သွားရန် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ကတိပြုခဲ့ကြကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်သည် မြန်မာသမ္မတ မင်းအောင်လှိုင် ၏ ကမ္ဘောဒီးယားနိုင်ငံသို့ သောကြာနေ့မှ စနေနေ့အထိ သွားရောက်ခဲ့သော နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဒေသတွင်း၌ ဖြစ်ပေါ်နေသော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၏ စိန်ခေါ်မှုများကို အသိအမှတ်ပြု ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မျှဝေရေး၊ ကြိုတင်ကာကွယ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အပြန်အလှန် ပံ့ပိုးကူညီမှုများ အားကောင်းစေရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ထို့အပြင် လူကုန်ကူးခံရသူများနှင့် လိမ်လည်မှုဒဏ် ခံရသူများကို ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် သဘောတူခဲ့ကြပါတယ်။

အာဆီယံ အဖွဲ့ဝင် နှစ်နိုင်ငံစလုံးအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Source – The Star