ဩဂုတ် ၂၄၊ ၂၀၂၆
The Kaladan Post
အီရန်စစ်ပွဲကြောင့် အမေရိကန် တပ်ဖွဲ့ဝင်များ မအားလပ်သည့် စိန်ခေါ်မှုများကြောင့် လာမည့်လတွင် တောင်ကိုရီးယားနိုင်ငံနှင့် ပြုလုပ်ရန် စီစဉ်ထားသည့် ပူးတွဲ ရေကြောင်းဆင်းသက် စစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ပယ်ဖျက်လိုက်ကြောင်း တောင်ကိုရီးယား ရေတပ်မဟာက တနင်္လာနေ့ (ဩဂုတ်လ ၂၄ ရက်) တွင် ပြောကြားလိုက်ပါတယ်။
ဆံယွန် (Ssangyong) ဟု လူသိများသည့် အဆိုပါ တပ်မအဆင့် စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင် ရရှိနိုင်မှု ကန့်သတ်ချက်များ ရှိနေကြောင်း အမေရိကန် ရေတပ်မဟာက တောင်ကိုရီးယားဘက်သို့ ဇွန်လကတည်းက တရားဝင် အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုများ ပြန်လည် စတင်နိုင်ရေးအတွက် မဟာမိတ်နှစ်နိုင်ငံကြား နီးကပ်စွာ ညှိနှိုင်းနေကြတယ်လို့ ဆိုပါတယ်။
ယခု ပယ်ဖျက်မှုသည် သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးလေ့ကျင့်စရိတ် ကုန်ကျမှုနှင့် အီရန်အရေးတွင် တောင်ကိုရီးယား ပူးပေါင်းမှု မရှိခြင်းတို့ကို အကြောင်းပြကာ နှစ်စဉ် ပြုလုပ်မြဲ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို လျှော့ချရန် ညွှန်ကြားခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုများ လျှော့ချခဲ့သော်လည်း မြောက်ကိုရီးယားက ပြီးခဲ့သည့်သီတင်းပတ်အတွင်း တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၁၀ စင်း ပစ်ခတ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများကို ရှုတ်ချခဲ့ပါတယ်။
Source – Reuters