စက်တင် ၁၆၊ ၂၀၂၆

The Kaladan Post

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ လေကြောင်းခရီးဖြင့် လာရောက်မည့် ကမ္ဘာလှည့် ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးသည့် အစီအစဉ်ကို တတိယအကြိမ်အဖြစ် တစ်နှစ် သက်တမ်း ထပ်မံ တိုးမြှင့်လိုက်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ဆိုက်ရောက်ဗီဇာ သက်တမ်းတိုးမြှင့်မှုသည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၇ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အထိ တစ်နှစ်တာ အကျုံးဝင်မည်ဖြစ်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် အသိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၏ ပထမ ၈ လအတွင်း နိုင်ငံခြားသား ခရီးသွား ၇၀၁,၁၄၁ ဦး ဝင်ရောက်ခဲ့ပြီး အဆိုပါ ကာလအတွင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဧည့်သည် အများဆုံး လာရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ယခုနှစ် ၈ လတာ ကာလအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ဧည့်သည် အရေအတွက်သည် ပြီးခဲ့သည့်နှစ် အလားတူ ကာလက ဝင်ရောက်ခဲ့သော ဧည့်သည် ၆၅၃,၉၅၂ ဦးထက် ပိုမို များပြားခဲ့တယ်လို့ သိရပါတယ်။

Source – Xinhua