ဩဂုတ် ၁၄၊ ၂၀၂၆
The Kaladan Post
အမေရိကန် သွင်းကုန်အခွန်များကို ရှောင်လွှဲရန် တရုတ်နိုင်ငံထုတ် ပစ္စည်းများ အပါအဝင် ကုန်စည်များကို တတိယနိုင်ငံများမှတစ်ဆင့် လမ်းကြောင်းပြောင်း တင်သွင်းနေမှုကြောင့် တစ်နှစ်လျှင် အခွန်ဘတ်ငွေ ဒေါ်လာ ၁၉ ဘီလီယံမှ ၂၆ ဘီလီယံအထိ ဆုံးရှုံးနေကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့ (ဩဂုတ်လ ၁၃ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
အိမ်ဖြူတော် ကုန်သွယ်ရေးနှင့် ထုတ်လုပ်မှုဆိုင်ရာ အကြံပေး ပီတာ နာဗာရို (Peter Navarro) ၏ အစီရင်ခံစာတွင် စည်းတံဆိပ် အသစ်ကပ်ခြင်းနှင့် ပြန်လည်ထုတ်ပိုးခြင်းများ ပြုလုပ်၍ တရားမဝင် လမ်းကြောင်းပြောင်း တင်သွင်းနိုင်ခြေ မြင့်မားသည့် နိုင်ငံပေါင်း ၄၀ ခန့်ကို ဖော်ထုတ်ထားပါတယ်။ အစီရင်ခံစာအရ ယင်းသို့ တရားမဝင် တင်သွင်းမှုများကြောင့် အမေရိကန်တွင် တိုက်ရိုက်နှင့် သွယ်ဝိုက် အလုပ်အကိုင် ၄၅၀,၀၀၀ ခန့် ထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။
ဝါရှင်တန်ရှိ တရုတ်သံရုံးကမူ “တရုတ်၏ အနှစ်နာခံမှုဖြင့် သဘောတူညီချက် ရယူရန် ကြိုးပမ်းခြင်း” ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပြီး “ထိုကဲ့သို့ အခြေအနေများ ပေါ်ပေါက်လာပါက တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သော အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်သွားပါမည်” ဟု သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်တွင် တရုတ်ထံမှ အမေရိကန်၏ တိုက်ရိုက် သွင်းကုန်များမှာ ၁၆ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ဒေါ်လာ ၃၀၈.၇ ဘီလီယံသို့ ကျဆင်းသွားခဲ့သော်လည်း မက္ကဆီကိုနှင့် ဗီယက်နမ်တို့ထံမှ တင်သွင်းမှုများ မြင့်တက်လာခဲ့ပါတယ်။ အမေရိကန် ကောက်ခံရေးနှင့် နယ်စပ်ကာကွယ်ရေး အေဂျင်စီ (CBP) သည် ယခုကဲ့သို့ လမ်းကြောင်းပြောင်း တင်သွင်းမှုများကို ဖော်ထုတ်ရန် AI နည်းပညာများနှင့် X-ray ရုပ်ပုံများကို စတင် အသုံးပြုနေကြောင်း သိရပါတယ်။
Source – Reuters